လက်တို့ပြီးတော့ ပြောလိုက်အုံးမယ်( ၆)
" အလိမ္မာ စာမှာရှိ "။ ဒီစကားကိုတော့ ကြားဘူးနေပြီးသားနေမှာပါ။ အသုံးကလည်းများတယ်မဟုတ်လား။ ဆိုင်မှာလည်း စာအုပ်တွေတင်ရောင်းတာဆိုတော့ ၊ စာအုပ်တွေမှာလည်း ဘုရားဟော တရားစာအုပ်တွေက စပြီးပါတာမို့၊ ချို၊ မာ၊ တာ တို့ ၀ယ်လိုက်၊ ရောင်းလိုက်လုပ်နေတာ အလိမ္မာတုံး၊ အလိမ္မာခဲတွေပေါ့နော်။ ဒါတွေဝယ်ရောင်းလုပ်နေတာဆိုပြီးဂုဏ်ယူလိုက်ကြစမ်းပါ။
တခုတော့ရှိတယ်၊ ကိုယ်က အလိမ္မာတွေ ၀ယ်ရောင်း လုပ်နေတာ ဆိုတော့ ကိုယ်ကလည်းလိမ္မာဘို့လိုပေလိမ့်မယ်။
လူလိမ္မာ ဆိုတာဘာလဲ။ ဒါလဲသိထားရမှာပေါ့။ အမေရိကန်နိုင်ငံ၊ Halfmoon Bayမှာသီတင်းသုံးခဲ့တဲ့၊
ခုတော့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဦးသီလာနန္ဒာဘိဝံသ က ဘယ်လိုပြောခဲ့လဲဆိုရင်"လူလိမ္မာကိုရှင်းမပြခင် လူမိုက်ကို အရင်ပြောမှ
လူလိမ္မာဆိုတာရှင်းပြရလွယ်မယ်တဲ့။ ဘာလို့လဲဆိုတော့ လူလိမ္မာဆိုတာ လူမိုက်တွေ လုပ်တာ၊ ပြောတာ၊ကြံတာတွေရဲ့ဆန့်ကျင်ဘက်
ဖြစ်လို့တဲ့ "။ ဖားအောက်ဆရာတော်ကြီးကတော့ "စိတ်ကိုပြုပြင်ရေးတရား" မှာ ဘယ်လိုရှင်းပြသလဲဆိုရင်၊ လူမိုက်ဆိုတာ ဒုစရိုက်
(၁၀ ) ပါးကိုလုပ်နေတဲ့သူတွေတဲ့။
အလိမ္မာတုံး၊အလိမ္မာခဲ တွေရောင်း၊၀ယ်နေသူတွေကအလိမ္မာလေးတွေဖြစ်အောင်ထိန်းသိမ်းဆောင်ရွက်ကြ
ပေါ့နော်။
စာတွေလဲဖတ်ကြပေါ့နော်။ ညီးတို့ဖေဖေက စာဖတ်အား အင်မတန်ကောင်းတယ်။ညအိပ်ယာဝင်ချိန်မှာလဲ
စာဖတ်ပြီးမှအိပ်တာ။
ရန်ကုန်လာပြီဆိုရင် ဖျာတချပ်နဲ့ ခေါင်းတလုံး ၊နှစ်လုံးလောက် သူ့အတွက် ချထားပေးရတယ်။ အဲဒီဖျာပေါ်မှာ
မှောက်လိုက်၊ပက်လက်လှန်လိုက်နဲ့စာဖတ်တာဘဲ။ ကြိုပြီးတော့ စီစဉ်ထားတဲ့ ဘယ်အချိန်၊ ဘယ်သွားရအောင်လို့ ပြောထားတာကို စာထဲစိတ်ဝင်စားနေရင် မေ့နေတယ်နဲ့တူတယ်။ တခြားသူတွေက အကုန်လုံး အ၀တ်အစားလဲပြီး အဆင်သင့်ဖြစ်နေပေမဲ့၊ သူကတော့ စာဖတ်မပျက်သေးဘူး။ ဘေးနားက လူယောင်ပြ လမ်းလျှောက်လည်း မသိဘူး။ စာတပိုဒ်ဆုံးမှ၊ ဖတ်တာအားရလောက်မှ၊ ထပြီး မသွားကြသေးဘူးလား ဘာလားနဲ့ ထမေးတော့တာဘဲ။ တို့ကတော့ ခဏ ခဏ ကြုံဘူးလို့ရီဘဲနေလိုက်ကြတယ်။ မရီနိုင်သူကတယောက်
ရှိတယ်။ ဆက်တီခုံပေါ်မှာ ငူငူကြီးထိုင်ပြီး ဘယ်သူ့ကိုမှစကားမပြောတော့ဘူး။ သူကတော့..............................................။
ဒိနေရာမှာ ကိုမောင်မောင် ပြောတဲ့မျိုးကြီး နည်းကိုယူပြီး "သိတဲ့သူ ဖြည့်စွက်ပေးကြ" လို့ ပဟေဠိ တပုဒ်လုပ်ထားခဲ့မယ်။ ကွန်မင့်မှာရေးပေါ့နော်။ လာဖတ်ပြီးရင်လဲ " လာသွားတယ်နော်" " ဖတ်သွားပြီးပြီဗျို့" ဆိုပြီးအနည်းဆုံးတော့
တို့သွားကြပါအုံး။ တိတ်တိတ်ကလေးလာဖတ်၊ ထွက်သွားတာမျိုးကတော့ စိမ်းကားရာကြပါတယ်။
သူကစာဖတ်အားကောင်းသလို တခါတရံ စာတိုပေစ လေးတွေလဲ ရေးတတ်သေးတယ်လို့ဆိုပါတယ်။ မှတ်တမ်းတင်မှု အားနည်းလို့ ဘာတွေရေးခဲ့တယ်ဆိုတာ မသိသလောက်ပါဘဲ။ သိသူတွေက ဖေါ်ထုတ်ကြပါအုံး။ သိထားတာ တခုတော့ ရှိပါတယ်။ သှူု မြေးဦးလေး မွေးတဲ့နေ့မှာတော့ အမှတ်တရ ကဗျာတပုဒ် စပ်ခဲ့ပါတယ်။ ဒါကိုတော့ သိလို့ မပျောက်ပျက်ရဘို့
ခုဖေါ်ထုတ်လိုက်ပါတယ်။ သူရေးဖွဲ့ခဲ့တာက ဧချင်း ပါ။
" ဧချင်း "
ရှစ်ခွင်တိုင်း၊ အုံ့မှိုင်းကာဒေ၀ါစိုးပါလို့၊
မိုးလုံးရဲ့ပါတ်လည်၊
လျှပ်ရောင်ဝင်း၍ ဆော်သွင်းစည်သည်၊
နဒီရေ ကမ်းလျှံလို့လေး။
ဧကောတြိ၊ တြိန၀ ဆုတ်ပက္ခ၏၊
ခါလနံကာ၊ ၉ရက်မှာလျှင်၊
သာယာတင့်ကျူး၊ ဗုဒ္ဓဟူးသို့၊
ချိန်ကူးနံနက်၊ စက် ၄ချက်ရောက်၊
သုံးခြောက်မီးနစ်၊ စွန်းလျစ် ၁၀ စက္ကန့်ဝယ်လျှင်၊
သန့်စင်မီးရှုး၊ မြေးဦးမလေး၊
ဘုန်းကံပေးသည်၊
အေးအေးယဉ်နွဲ့.................အေ့ အေ အေး။
(ဘဘ)
(မှတ်ချက်။ နံကာ = ၀ါခေါင်လကို ရှေးက ခေါ်သည့်အမည်။)
ဒီကဗျာလေးနဲ့အတူ သူ့မြေးဦးပုံလေးကိုတင်ပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တော့ ၁၂ ရက်သမီးဘဲ ရှိပါသေးတယ်။
ခု ရေးခဲ့တာတွေက ၀တ္ထုလည်းမဟုတ်ဘူး။ ဆောင်းပါးလည်းမမည်ပါဘူး။စာညွန့်လို့လည်း
မဆိုနိုင်ဘူး။
မှတ်တမ်းပါ။ ဖြစ်ပျက်ခဲ့တာတွေ စုစည်းမိဘို့ အမှတ်ရသလောက် မှတ်တမ်း ရေးခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ ကုန်ကြမ်းတွေပ ပျောက်သွားမှာစိုးလို့ပါ။
ဒါ့ထက် စကားမစပ်တခုလောက်ပြောပါရစေ။ မြန်မာပြည်က ဆေးတက္ကသိုလ် က အင်မတန် ထူးခြားမှု
ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ့ကျောင်းက ဘွဲ့ ရ ရခြင်းထူးချွန်တဲ့ ဆရာဝန် ထွက်လာတာ မတွေ့ ဘူးပါဘူး။ နောင် အတွေ့အကြုံ
ရင့်သွားမှ ထူးချွန်တဲ့ဆရာဝန်ဆိုတာထွက်လာတာပါ။
ဒါပေမဲ့ ... အဲဒီကျောင်းက ဘွဲ့ မရသေးဘူး၊ နိုင်ငံကျော် ရုပ်ရှင်မင်းသားတို့၊နံမည်ကြီး အဆိုတော်တို့၊
နံမည်ကြီး စာရေးဆရာတို့ ထွက်ပေါ်တတ်ပါတယ်။ နောင် ၅နှစ်၊ ၆နှစ်လောက်ရှိရင် ကျော်ကြားတဲ့ " ဘုမ(ဆေး) " ဆိုတဲ့စာရေးဆရာမ တယောက်မပေါ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ဒီကုန်ကြမ်းတွေက သူ့အတွက် အထောက်အပံ့ ဖြစ်မယ်ထင်ပါတယ်။
ဒီတပါတ်တော့ ဒီလောက်ပါဘဲ။ မှတ်ချက်ပေးကြပါအုံး။
သုစံ
ဇွန်လ၊ ၁ရက်၊ ၂၀၁၂ခု
မှတ်သားစရာတွေပါ။
ReplyDeleteသူကတော့......ဆိုတာ အမေ ဖြစ်မယ်ထင်တယ်။
တခါသား(တချို့ ဒီအသုံးအနှုံး ကိုမသိကြတော့လို့ သုံးလိုက်တာပါ။ အချိန်အတိအကျ မသိပဲ ရှေးတုန်းကလောက်လဲ မကြာတဲ့အခါသုံးတာပါ)
ရန်ကုန်မှာ အဖေက မပျင်းအောင်လို့ဆိုပြီး အခြေခံ ကဗျာစပ်နည်းလေး သင်ပေးပါတယ်။ ကျနော် ၁၂နှစ်လောက်သားလောက်က သင်ပေးခဲ့တာ ခုထိအောင် အသုံးဝင်ပါတယ်။
"အစလေးလုံး၊ အလယ်သုံး၊ နောက်ဆုံး နှစ်၊ခွန်၊ငါး။" ဆိုတဲ့ လေးလုံးစပ် ကဗျာစပ်နည်းလေးပါ။
ပထမ စာကြောင်းမှာ လေးလုံးမြောက်ကို ကာရံယူပါတယ်။ ဒုတိယ စာကြောင်းမှာ သုံးလုံးမြောက်နဲ့၊ နောက်ဆုံးကြောင်းကိုတော့ နှစ်လုံးမြောက်ဖြစ်ဖြစ်၊ ခွန်နှစ်လုံးမြောက်ဖြစ်ဖြစ်၊ ငါးလုံးမြောက်ဖြစ်ဖြစ် ကာရံယူပြီး အဓိပ္ပါယ်ပါအောင် စပ်ရပါတယ်။
စိတ်ကူးဆန်းရင် ဆန်းသလောက် ကဗျာကောင်းတွေရနိုင်ပါတယ်။
ဥပမာ- ဆရာတင်မိုးရဲ့ ကျော်ကြားတဲ့ ကဗျာတစ်ပုဒ်ကိုဖော်ပြလိုက်ပါတယ်။
"ဆေးလိပ်လဲတို၊ နေလဲညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ။"
ကာရံ= တို- ညို- ကို-
မသိရင် ခက်ပေမယ့်
နည်းသိရင် လွယ်လွယ်လေးနဲ့ ကဗျာတွေစပ်နိုင်ပါတယ်။
ကဗျာလေးများ စပ်နိုင်ကြပါစေ။
အင်ဂျင်နီယာဘွဲ့မရသေးတဲ့ စာရေးဆရာလဲ ပေါ်နိုင်ပါတယ်.....
ReplyDeleteဘဘကို မမြင်လိုက်ရပေမဲ့ အလေးစားဆုံးလူတွေထဲက တစ်ယောက်ပါ....
ဘဘရဲ့အကြောင်း အနည်းငယ်သိရလို့ စာရေးသူကို ကျေးဇူးအထူးတင်ပါတယ်။
နောက်လည်း နောင်လာနောက်သားတွေ သိရအောင် ရှေးဖြစ်ဟောင်းတွေ ရေးစေချင်ပါတယ်။
ဘဘရဲ့စာဖတ်အားကိုလည်း မှီအောင်ကြိုးစားချင်ပါတယ်။ ဘဘရဲ့ စာဖတ်ဝါသနာကိုလည်း ဆွေမျိုးတွေရဲ့ သွေးထဲမှာ အမြဲတမ်းရှင်သန်နေစေချင်ပါတယ်။
မြေးဦးမလေးး ရုပ်ဆိုးမလေးးပေါ့ :D
ReplyDeleteရုပ်မဆိုးပါဘူး။
Deleteတချို့ ၁၂ ရက်သား ကလေးတွေ ရုပ်တအားဆိုးတာ တစ်ပုံကြီး...
ဒါနဲ့ နှုတ်ခမ်းနီက ကွန်ပြူတာနဲ့ ဆိုးပေးထားတာလား။
doe ka tot mwae ka htae ka hla tal.. :P ( pls let me to wirte burglish )hehe
Deleteဒီဓာတ်ပုံ ရိုက်တဲ့အချိန်လောက်တုံးက မြန်မာပြည်မှာ ရောင်စုံဖလင်တွေ ပေါ်ခါစဘဲ ရှိသေးတယ်။ မြန်မာပြည်မှာ ဆေးခြင်း၊ ကူးခြင်းမလုပ်နိုင်သေးဘူး။ ဓာတ်ပုံဆိုင်တွေက လေယဉ်ဝန်ထမ်း တွေနဲ့ ပေါင်းပြီး ထိုင်းကိုပို့ ဆေးရ၊ ကူးရတဲ့ အချိန်ဘဲဖြစ်တယ်။ ဖလင်ရော
ReplyDeleteဆေးခ၊ ကူးခတွေရောအားကြီးဈေးကြီးတယ်။ ဒါ့ကြောင့် အဖြူအမည်းနဲ့ဘဲရိုက်ထားတာ။ အရောင်က ခုမှ ကွန်ပျူတာနဲ့ ခြယ်ပေးလိုက်တာ။
ခုတော့ အဖြူအမည်း ဖလင်က တအားရှားနေပြီ။ ဖလင်လုပ်တဲ့ ကူမ္ပဏီတွေကလည်း ရောင်စုံဖလင်ကိုဘဲ ဦးစားပေး ထုတ်ကြတော့တယ်။ ခုတော့
ဒစ်ဂျစ်တယ်ဘဲသုံးတော့ ဘာဖလင်တွေ ထုတ်နေတယ်ဆိုတာတောင် မသိတော့ပါဘူး။
Yes I think she is May Gyi San. For the words ( ta kar thar ) is really strange for me when I started to know still not use to it for me. I like to read too. No No, I love to read. I try to read at least a few line before I go to bed even I was very tired.
ReplyDelete