ကျေးဇူး.... အထူး.... အထူး....ပါ။
"တီ.....တီ.....တီ.....တီ"
မတ်လဆန်းမို့ နေရောင်ထွက်ပြူကာစ ဖြူလွလွ အချိန်ပါ။ ဆောင်းရဲ့ အငွေ့ ကားမကုန်သေး။အမေရိက ရဲ့ နံနက်ခင်း အချိန်မို့
လှုပ်ရှားမှု ကင်းမဲ့ ပြီး ငြိမ်သက်မှုတွေက လွှမ်းခြုံနေစဉ်ပေါ့။
" ဘာသံဘာလိမ့်?" .........." အော်...ဖုန်းသံဘဲ "
" တီ.....တီ.....တီ.....တီ.....တီ"
ကိုယ်ပေါ်မှာ လွှမ်းခြုံထားသော ၃လွှာသောစေါင်တို့ ကို ကိုယ်ပေါ်မှ ဖယ်ခွာလိုက်ပါသည်။အပူပေးထားသော ခန်းတွင်းလေသည်
စေါင်ခြုံ အတွင်းရှိ ကိုယ်ငွေ့ ထက်နိမ့် နေသည်မို့ စိမ့်ကနဲ တချက်ဖြစ်သွားသည်။ တဘက်ခန်းတွင်ထားသော ဖုန်းရှိရာသို့ ရောက်ပြီး ကိုင်လိုက်သော်လည်းဖင့်လေးသော လှုပ်ရှားမှုတို့ ကြောင့် မမှီလိုက်တော့ ပါ။ တဘက်က ဖုန်းချသွားခြေပြီ။ ဘယ်သူပါလိမ့်ဆိုသော
အတွေးက ချက်ခြင်းပင် ကိုယ့် ကို အလုပ်ပေးနေပါပြီ။
"တီ.....တီ.....တီ.....တီ"
မကြာပါ။ ဖုန်းကထပ်လာသည်။ ဒီတခါတော့ မြန်မြန် ထကိုင်လိုက်ရသည်။
" ဟယ်လို"
" ဒေါ်ဒေါ်ကြီးလား.......ဦးရော"
" သမီးနွယ်မာလား........ဦးက အလုပ်ကပြန်မရောက်သေးဘူး"
" ဒီနေ့ ဦးမွေးနေ့ လေ.......Happy Birthday ဦး လို့ သူပြန်လာရင်ပြောပေးပါ"
" အေး...အေး...ပြောလိုက်မယ်"
ဒီကနေ့ ကိုယ့်မွေးနေ့ ။ မတ်လ ၅ရက်။ အော် ဘာလိုလိုနဲ့ ( ၆၈)နှစ်တောင် ရှိသွားပြီဘဲ။ အလုပ်က အိမ်ပြန်ရောက်တော့ ဒီနေ့ သမီးနွယ်မာ ကစောစော စီးစီး မွေးနေ့ ပဋိသန္ဓာရစကားဆိုသွားကြောင်း၊ ကိုဖိုးသူကလည်း အလုပ်သွားကာနီး ပြက္ခဒိန်ကြည့်ပြီး
ဒီနေ့ "ဖေဖေခင်စန် မွေးနေ့ ဘဲ"လို့ ပြောသွားကြောင်း ချစ်ဇနီးက ၀မ်းသာအားရ ပြောပြသည်။ပီတီလေးတခုကိုယ့် နှလုံးအိမ်မှာ လှုပ်ရှားသွားရသည်ပေါ့။
ခုအလုပ်ကို စံဖရန်စစ်စကိုဘက်ရောက်ပြီး ၂နှစ်လောက်ရှိတော့ လုပ်ဖြစ်ခဲ့သည်။ အလုပ်ဝင်စက မန်နေဂျာက ထိုင်းအမျိုးသမီး။ သူက ဒီအလုပ်မှာ လုပ်နေတာ နှစ်ကြာပြီ။ အနှစ်၂၀လောက်တောင်ရှိရော့မည်။။ ဒီတော့ ပိုင်ရှင် အဖိုးကြီးက သူ့ ကိုစိတ်ချသည်။ နေ့ လည်ပိုင်းတခါတလေသာ လာပြီး ကြည့်တတ်သည်။ ယခုတော့ ပိုင်ရှင် အဖိုးကြီးမှာ အသက်ကြိးလှပြီဖြစ်လို့သူ့ သမီးနှင့် သမက်ကို
အလုပ်လွှဲပေးလိုက်ပြီ။ သူ့ သမီးနှင့် ထိုင်းမန်နေဂျာက အစကတည်းက သိပ်မတဲ့လှ။ ခုတော့ သူကလုပ်ပိုင်ခွင့် ရသွားပြီမို့ အလုပ်မှာချယ်လှယ်လာသည်။ ဒီတော့ တနေ့ ထိုင်းမန်နေဂျာနှင့် စကားများရာက ထိုင်းမန်နေဂျာကို အလုပ်ထုတ်ပစ်လိုက်ပြီး သူ့ အသိ
ဘိုမ တယောက်ကိုမန်နေဂျာခန့် လိုက်သည်။ မန်နေဂျာ အသစ်ဆိုတော့ လူသစ်နှင့် ပေါင်းရသည်ဆိုတော့ အစစ အရာရာ
သတိထားလုပ်ကိုင်ရသည်ပေါ့။ ထားတော့ ....ဒါကို အဓိက ပြောခြင်သည်မဟုတ်ပါ။
အရှေ့ တိုင်းနှင့် အနောက်တိုင်း မတူတာလေးကိုပြောခြင်တာပါ။ ထိုင်းမန်နေဂျာ အောက်မှာ ( ၆ ) နှစ်လောက်
အလုပ်လုပ်ခဲ့ ပေမဲ့ မွေးနေ့ ဆိုတာတွေ သူတို့ ဂရုမစိုက်။ မွေးနေ့ ကိုအသိအမှတ် ပြုပြီး လုပ်ဆောင်မှု တခါမှမတွေ့ ဘူး။ ယခု ဘိုမ
မန်နေဂျာ အသစ်နှင့် အလုပ်လုပ်တာ (၃)လ လောက်ဘဲရှိသေးသည်။ ဒီနေ့ အလုပ်မှမပြန်ခင် သူရောက်လာပြီး Happy Birthday
ဆိုပြီး ပဋိသန္ဓာရစကားဆိုလာပြီး မွေးနေ့ ကဒ်ကလေးပါပေးသည်။ ကဒ်ကိုဖွင့်ကြည့်တော့ ဒေါ်လာ ၂၀ တန်တရွက်ပါ ညှပ်ထား
တာ တွေ့ ရသည်။ " ဘာလိုခြင်မှန်း မသိလို့ ။လိုခြင်တာဝယ်ရအောင်ပါ လက်ဆောင်ပေးတာပါတဲ့" ။အင်း မတူတာလေးတွေပါ။
အိမ်ပြန်ရောက်တော့ သမီးနွယ်မာ့ ဖုန်းအကြောင်း ကြားသိရပြန်သည်။ အော် ...ဒီမွေးနေ့ ကတော့ ထူးခြားပါ့ဘဲ၊ အရင်လို
ခြောက်ကပ်ကပ် မနေဘူးလို့ ခံစားမိသည်ပေါ့။
မနက်စာ စားပြီးတော့ ကွန်ပျူတာဖွင့်ပြီး လုပ်နေကြ အတိုင်း ၀င်စာတွေစစ်ကြည့်သည်။ ဂျီမေးမှာ ကိုကျော်စေက Burlinglish ဘာသာ သုံးပြီး ပဋိသန္ဓာရ စကားဖြင့် နှုတ်ခွန်းဆက်လာတာတွေ့ ရသည်။ " ဟောဗျ၊ ဒီနှစ်ကတော့ ထူးခြားပါ့ဘဲ "
ဟုအံ့သြမှု၊ ၀မ်းသာမှုတို့ ဖြင့် ကြည်နူးမိပါသည်။
အလုပ်က ညဆင်းဆိုတော့ နောက်နေ့ လည်းဆင်းရအုံးမှာမို့သတင်းတွေဖတ်ပြီးတော့ အိပ်လိုက်ပါသည်။
ညနေပိုင်းရောက်တော့ ကွန်ပျူတာ စစ်မိပြန်သည်။
" မွေးနေ့ သာမက၊ ရှေ့ ဆက်ရမည့် နေ့ ရက်တိုင်းတွင် မိသားစုနှင့်အတူ ပျော်ရွှင်နိုင်ပါစေ" လို့ သမီးလေး
အေးချမ်းလွင်ရဲ့ ဆုတောင်းကို ဂျီတော့ တွင် တခါတွေ့ ရပြန်ပါသည်။ " အော်...ထူးခြားလေစွ ဒီမွေးနေ့ " လို့ တွေးမိပြီး ဆုတောင်းတွေ ပုံနေတဲ့ ဒိတခါကိုတော့ မှတ်တမ်းတင်မှဖြစ်မည် ဆိုပြီးခုလိုတင်လိုက်ရတာပါဘဲ။
အားလုံးကို...ကျေးဇူး...အထူး...အထူး......တင်ပါကြောင်းခင်ဗျာ။
ကြုံတုံး တခုတော့ အသိပေးလိုက်ပါအုံးမည်။ ဇန်န၀ါရီလတုံးကသမီးလေး အေးချမ်းလွင်အတွက် ဘာလုပ်ပေးရမလဲလို့ စဉ်းစားရင်း "အင်း ပြက္ခဒိန်ကလည်းမလုပ်ဖြစ်တော့ မွေးနေ့ တွေမှာဘာလုပ်ရရင်ကောင်းမလဲ"လို့ စဉ်းစားရင်း အများသုံးတဲ့
Face Book မှာ မွေးနေ့ ကျသူတိုင်းအတွက် တခုခု တင်ရရင်ကောင်းမယ်လို့ စဉ်းစားမိတာနဲ့ ဗီဒီယို ကလစ်လေး တခု လုပ်ပြီး
သမီးလေးအေးချမ်းလွင် အတွက်တင်ခဲ့ ပါတယ်။ ဘယ်လိုတုံ့ ပြန်မလဲလို့ စေါင့်ကြည့်ရင်း စေါင့်ကြည့်ရင်းနဲ့ ကိုမောင်မောင် နဲ့ မသီတာ
ကဘဲ တုန့် ပြန်လာတာတွေ့ တယ်။ သမီးလေးကို မေးကြည့်တော့ သူမတွေ့ ဘူးတဲ့။ ဒါနဲ့ ဒီနည်းကိုကျင့်သုံးခြင်တဲ့ စိတ်ကုန်
သွားပါတယ်။ နောက်မှသိရတာက မဥမ္မာက မသီတာရဲ့ ဖုန်းမှာ ဒီဗီဒီယို ကလစ်ကိုတွေ့ လို့ သူတုန့် ပြန်လိုက်တာလို့ သိရပါတယ်။
ကဲ...အားလုံးကို ကျေးဇူး......အထူး....အထူး....ပါဘဲလို့ ထပ်ပြောပါရစေအုံး။
မေတ္တာဖြင့်.....
သုစံ
မတ်လ၊ ၇ရက်၊ ၂၀၁၃ခု
"Happy birthday"
ReplyDeleteSorry for belated birthday wish!
Better late than never? :-)
On these day ,I don't use fb,so I missed your birthday.
To avoid this, pls send me calender with family birthdays.
"BELATED HAPPY BIRTHDAY TO YOU"
mmt
ကျနော်လည်း ဖေ့ဘုတ်ကနေ birthday wish လုပ်ပါတယ် ဦးခင်စန်ရဲ့ဝေါမှာ သွားကြည့်လိုက်လေ မတွေ့ဘူးလား
ReplyDeleteဖေ့စ်ဘုတ်ရှိတာအဲဒါကောင်းတယ်။မွေးနေ့တွေကိုမမေ့တော့ဘူး။
ReplyDeleteတယောက်နဲ့တယောက်လည်းအဆက်အသွယ်မပြတ်တော့ဘူး
မွေးနေ့လက်ဆောင်ဘာဝယ်လိုက်လဲ..ဟီးဟီး
ReplyDelete