လာရောက်သောဧည့်သည်များ

Friday, September 28, 2012


                              သမိုင်း ဟူသည်မှာ (၁)

သမိုင်းဆိုသည်မှာ မည်သို့  စခဲ့ သည်ဟု သိနိုင်ရန်အကြောင်းမရှိ။ ခန့်  မှန်းယုံသာခန့်  မှန်းနိုင်ပါမည်။ ကြာတော့လည်း ရှေးဟောင်းတို့  သည် မှေးမှိန်ပျောက်ကွယ်စမြဲ။ လူတို့  ၏သက်တန်းသည် တိုလှ၏။  တိုလှသည့် သက်တန်းအတွင်းမှာပင် စမှအဆုံး အားလုံးကုန်စင်အောင် မမှတ်မိနိုင်ပါ။ ဒီတော့ စုပေါင်းမှတ်ကြရသည့် အလေ့အထ လူတို့  တွင် ရှိခဲ့ ပါသည်။ ဆိုလိုသည်ကတော့ သက်ကြီးသူတို့  က အဖြစ်အပျက်စုံကို ငယ်သူတို့  အား ပြောကြားခြင်းဖြင့် တဆင့်ပြီးတဆင့် သမိုင်းကိုလက်ဆင့် ကမ်း၍ သိစေခဲ့ ပါသည်။

ခုလည်း မှတ်မိသမျှကိုလက်ဆင့်ကမ်းလိုက်ပါဦးမည်။ ရည်ရွယ်သည်ကတော့ အတိတ်ကို လွမ်းဆွတ်တသ နေဘို့  မဟုတ်ပါ။ အော်  ဒီလိုရှိခဲ့ပါလားဟု  ဆင်ခြင် သုံးသပ် သိစေရန်ဖြစ်ပါသည်။

ကဲ ဘယ် ကစ မည်နည်း။ ကိုမောင်မောင်ရဲ့ ဇရပ်လေးကစကြပါစို့  ။ ၂၀၀၉ခုနှစ် မြန်မာပြည် ပြန်ရောက်တော့ ကိုကျော်လွင်လိုက်ပို့  လို့  စေတီယံတောင်ပေါ်က အမေသက် ၏ဇရပ်ကလေးကိုရောက်ခဲ့ရပြန်ပါတယ်။  သံမံတလင်းခင်းပြီး အုတ်နံရံ လေးနဲ့ သပ်သပ်ရပ်ရပ်
 ဖြစ်နေတဲ့  ဇရပ်ကို ၀မ်းသာကြည်နူးစွာနဲ့  တွေ့  ခဲ့ရပါတယ်။

တို့  ငယ်ငယ်တုံးကတော့ ၀ါးကပ်မိုး ထရံကာနဲ့ ဇရပ်လေးပါ။ ဘယ်တုံးက၊ ဘယ်လိုစတင်ဖြစ်လာတယ်ဆိုတာတော့ မသိမှီပါဘူး။ ပခုက္ကူမြို့  ကဧရာဝတီမြစ်ကမ်းတလျှောက် တည်ရှိနေတဲ့ မြို့  တခုပါ။ မြစ်ကမ်းခြေတလျှောက် မြေပြန့်  မှာ တည်ဆောက်ထားတာပါ။ မြို့  ရဲ့  အနောက်ဘက်မှာတော့ စပြီးတောင်ကုန်းလေးတွေဖြစ်နေတာပါ။ အနောက်ဘက်ရောက်လေ မြင့်သွားလေဖြစ်ပြီး အနောက်ရိုးမ အထိ ဆက်နေတာပါ။ ပခုက္ကူအနီး တောင်ကုန်းလေးတွေကတော့ မမြင့်လှပါဘူး။ စစ်ကိုင်းတောင်ရိုးလို တရားကျင့်တဲ့ သူတော်စင်တွေ အစဉ်အဆက် နေထိုင်ခဲ့တဲ့ နေရာနဲ့  တူပါတယ်။ မြို့  နဲ့  လည်းသိတ်မဝေးလှတော့ သူတော်စင်တွေအဖို့  ဆွမ်းကွမ်းလည်းမပူပင်ရတဲ့နေရာပါ။ တို့  ငယ်စဉ်အချိန်က ပခုက္ကူမြို့  ဟာ ခုထက်အများကြီးသေးငယ်တဲ့ မြို့  လေးတမြို့  ပါ။အနီးဆုံးတောင်ကုန်းလေးဆိုတာတောင်  မြို့ နဲ့  တခေါ်လောက်ဝေးတဲ့ နေရာပေါ့။ ခန်တောရပ်ကနေ တောင်ပေါ်ကို သွားမယ်ဆိုရင်အမှတ်(၂) ကျောင်းကျော်လိုက်တာနဲ့  ယာခင်းတွေထဲ
ရောက်သွားပါပြီ။ မြေပဲစိုက်တဲ့ ယာခင်းတွေမို့  သဲမြေဆန်တဲ့ မြေတွေပါ။ အိမ်တွေဘာတွေခုလိုမရှိပါဘူး။  မြိုင်လမ်းကိုကျော်ပြီးသွားမယ်
ဆိုရင်လဲ အိမ်တန်း တစ်တန်းနှစ်တန်းလောက်ကျော်တာနဲ့  ယာခင်းတွေထဲရောက်သွားတာပါဘဲ။ဒီတော့ တောင်ပေါ်မှာ အင်မတန်အေးချမ်း
တာပါ။ ဆိတ်ငြိမ်ပြီး မြို့  ပြအငွေ့ အသက်မရှိပါဘူး။ မြို့  မြေပြင်ထက်လည်းမြင့်နေတဲ့ အရပ်မို့  မြစ်ပြင်က ဖြတ်တိုက်လာတဲ့ လေအေးအေးက
 တဖြူးဖြူးနဲ့  ပေါ့။ ဒါကြောင့်လည်း သူတော်စင်တွေ မှီခိုနေကြတာဖြစ်မှာပါ။ ဒီလိုနေရာမျိုးမှာ အမေသက်ရဲ့  ဇရပ်လေးရှိနေတာပါ။

ဒီလိုအေးချမ်းသာယာတဲ့ နေရာမို့   ၁၉၆၁ခုနှစ် ၉တန်းကျောင်းသားဘ၀က ဓာတ်ပုံရိုက်ထွက်ခဲ့ဘူးပါတယ်။ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း
 တနေ့  မှာပေါ့။ ဘဘဦးကျော်တင့် ရဲ့  ကင်မရာနဲ့  ပေါ့။ သူငယ်ချင်း ကိုသက်တင်နဲ့။ သူကလဲကင်မရာတလုံးနဲ့  ။စက်ဘီးကိုယ်စီနဲ့   တောင်ပေါ်
တက်ရိုက်။ ပြီးတော့ ပေါက်အင်းသွားရိုက်တာပေါ့။

ဒါတောင်ပေါ်မှာရိုက်ခဲ့တာ။ ပေါက်အင်းဆိုတာလည်း အဲဒီအချိန်တုံးက စစ်တပ်မရှိသေးဘူး။ မြို့  ပေါ် ကလူငယ်တွေ အားတဲ့ နေ့  ပျော်ပွဲစား
ထွက်ကြတဲ့နေရာပေါ့။ ဆောင်းတွင်းဆိုတော့ ရေက သိတ်မရှိလှဘူး။အင်းကြီးအစပ်က ညောင်ပင်ကြီးက အရမ်းလှတာ။ အကိုင်းကြီးတွေ
 အကြီးကြီးတွေ ညွှတ်ကိုင်းပြန့်   ပြူးနေတာ။ ဒီညောင်ပင်ကြီးကိုဓာတ်ပုံမရိုက်ခဲ့မိတာခုမှနောင်တရမိတယ်။ မြို့ ကနေပေါက်လမ်းအတိုင်း
ထွက်လာရင်လည်း ချောင်းကလေး( နံမည်မေ့နေပြီ) ကတံတားကိုကျော်လိုက်ရင် အိမ်တွေမရှိတော့ဘူး။ တောင်နှစ်လုံးကြားကို
ကျော်လိုက်ရင် ပေါက်အင်းပေါ့။ ဒီအင်းမှာငှက်တွေတအားပေါတာ။ စိတ်ကူးက ဒီငှက်တွေကို ဓာတ်ပုံရိုက်မယ်ပေါ့။ မဂ္ဂဇင်းတွေထဲမှာ ငှက်ပုံလှလှတွေမြင်ဘူးကတည်းကရိုက်ချင်နေတာ။ တကယ်လိုက်ရိုက်တော့ မလွယ်ဘူး။  ဒီတုံးကလည်းနားမလည်ဘူးလေ။ ဘယ်လိုကင်မရာမျိုးနဲ့  မဆိုရိုက်လို့ရတယ်ထင်နေတာ။ တယ်လီမှန်ဘီလူးမပါတဲ့ ကင်မရာနဲ့ အနားကပ်ရိုက်မယ်ဆိုပြီး ငှက်တွေနားကပ်လိုက် ငှက်ကပျံပြေးလိုက်။ကိုယ်ကထပ်လိုက် လိုက်။ ငှက်ကပျံပြေးလိုက်နဲ့  ပေါ့။ အောက်က ခြေသလုံးလောက်နက်တဲ့ ရေ၊ အပေါ်ကနေပူပူနဲ့
 ကြိုးစားရိုက်လိုက်တာ ငှက်ပုံသေးသေးလေးတွေ ပေါ်တဲ့ပုံဘဲရတယ်။ အကျိုးကတော့ အပြန်ကြအပူရှပ်ပြီးဖျားတာဘဲ။ တောင်ပေါ်
အကြောင်းပြောရင်းနဲ့  ဘေးထွက်သွားတယ်။ ကဲ  ပြန်ဆက်ရအောင်။

ဝါတွင်းကာလ ဥပုသ်နေ့  တွေဆိုရင် တောင်ပေါ်ကိုတက် ဥပုသ်စေါင့်တဲ့ စရိုက် အဲဒီတုံးကရှိခဲ့ပါတယ်။ တမြို့  လုံးက မိမိနဲ့ သက်ဆိုင်တဲ့ ဇရပ်တွေသွားပြီး ဥပုသ် သီလ ယူကြလို့ တမြို့ လုံးလူမရှိသလို ခြောက်ကပ်နေတာပါဘဲ။

ဥပုသ်နေ့  ဆို ဒေါ်ဒေါ်က အစောကြီးထပြီး ထမင်းချက်တယ်။  မနက်သရေစာသဘောမျိုးစားဘို့  ရော၊ ဥပုသ်ယူပြီး မနက်စာစားဘို့ 
ရောပေါ့။ ဒါတင်မကသေးဘူး  ဥပုသ်သမားတွေ ဆိုတော့ သာမန်နေ့  ထက် အခွင့်အရေးပိုရတာကမနက်စာစားပြီးရင် စားဘို့ အချိုပွဲအတွက်က စီစဉ်ရသေးတယ်။ တချို့ အိမ်မှာတင် ကြော်တန်တာကြော်၊ ၀ယ်တန်တာဝယ်ပေါ့။ ပြီးတော့ မှ တောင်းကြီးတောင်းငယ်နဲ့  ထည့်၊
 လှည်းပေါ်တင်ပြီး လှည်းနဲ့  သွားကြတာ။ ဘဘဦးဘသန်း၊ ဦးကြီး၊ ဘဘဦးကျော်တင့် နဲ့  တို့ ကတော့ ခြေလျှင်တလှည့်၊ ကုန်းကြောင်းတလှည့်
 တောင်ပေါ်တက်ကြတာပါ။ မြို့  ကကျော်လို့ ယာခင်းသဲမြေထဲ ရောက်တဲ့အခါတော့ ရှေးကသွားထားကြလို့  ဖြစ်နေတဲ့ လူသွားလမ်းလေး
တလျှောက်  ရှေ့  နောက်တန်းစီပြီးသွားကြရတာ။

မသွားခင် မနက်စာ  စားခဲ့ ရတာလေးကိုလဲ နည်းနည်းတော့ ပြောပါရစေ။ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ ဒေါ်ဒေါ်ရဲ့ လုပ်အားကို အမှတ်တရလည်း
ဖြစ်အောင်၊  ဂုဏ်လည်းပြုရအောင်လို့  ပါ။ စောစောထချက်ထားတဲ့ ထမင်းမှာ စားတော်ပဲပြုတ်ကိုထည့်။ ပြီးတော့ နှမ်းဆီမွှေးမွှေးလေးဆမ်းပြီး ဆားလေးနည်းနည်းထည့် သမအောင်မွှေထားတာပါ။ ဒါကို ရေဆေးထားပြီး လေးစိပ် စိပ်ထားတဲ့ ကြက်သွန်နီဥကို ကိုက်စားရင်း  စားရပါတယ်။

ကော့နေတဲ့ ထမင်းလုံးလေးတွေမှာ  နှမ်းဆီက ဆိုရွှဲနေတော့ တောက်ပြောင်နေပါတယ်။ ဒါကိုဇွန်းနဲ့  ကော်ပြီး   စားမယ်လို့ ပါးစပ်နား
ရောက်လာတယ်ဆိုရင်ဘဲ မွှေးမြမြ နှမ်းဆီနံ့  က နှာခေါင်းထဲ တိုးဝင်လာတာပါ။ စူးစူးရှရှကြီးမဟုတ်ဘဲ  သင်းသင်းလေးမွှေးနေတဲ့အနံ့  ပါ။ ဒီအနံ့  လေးကြောင့် စားချင်စိတ်က ပိုကဲလာပြီး ထမင်းလုပ်ကို ပါးစပ်ထဲ ထည့်ဖြစ်တော့တာပါဘဲ။ ပြီးတော့ လေးစိပ်စိပ်ထားတဲ့ ကြက်သွန်နီ တစိပ်ကို ဖဲ့ ။ ပါးစပ်ထဲထည့် ၀ါးလိုက်ပါတယ်။ ကြက်သွန်နီရဲ့ မွှန်တွန်တွန်အနံ့ လေးက အာခေါင်ကနေ နှာခေါင်းထဲရောက်သွားပြီး မွှေးမြမြ မွှန်တွန်တွန်လေးဖြစ်သွားပါတယ်။ ပါးစပ်ထဲမှာတော့ ၀ါးလိုက်တဲ့ ကြက်သွန်နီကထွက်လာတဲ့ အရည်ရဲ့  ချိုမြမှု၊ ထမင်းလုံးရဲ့  ပေါ့တော့တော့ စိမ့်တိမ့်တိမ့် အရသာ၊ ပဲပြုတ်ရဲ့   လေးလေးပင်ပင် စိမ့်တဲ့ အရသာ၊ နှမ်းဆီရဲ့  တမျိုးလေးစိမ့်တဲ့ အရသာ အားလုံးပေါင်းပြီး စားနေရင်းကို ဆာလောင်မွတ်သိပ်လာစေတော့တာပါ။ ဒီတော့ ဘယ်သူမှ တစ်ပန်းကန်နဲ့  မတင်းတိမ်ပါဘူး။ ထပ်ထည့်ကြတာပါဘဲ။  ဒီလိုထမင်းမျိုးကို တခါတလေကြ ကြွတ်ကြွတ်ရွရွ လေးကြော်ထားတဲ့ ဘယာကြော်လိုမျိုးနဲ့  ဖြစ်ဖြစ်၊ စမူစာလေးနဲ့  ဖြစ်ဖြစ် စားခဲ့ကြရတာပါ။  ဒါ ဥပုသ်နေ့  နံနက်ခင်း အစာပြေ စားပုံလေးပေါ့။ စားအုန်းဆီတွေရောထားတဲ့ ဒီခေတ်ကြီးမှာတော့ နှမ်းဆီစစ်စစ် မရနိုင်တော့ လို့  ဒီလို ထမင်းမျိုး စားချင်လို့  မရနိုင်တော့ပါဘူး ဆိုရင် စာရေးသူကို လွန်တယ်လို့  မထင်လိုက်ကြပါနဲ့  ။

မနက် သီလယူပြီး နံနက်စာ စားပြီးရင်တော့  လူကြီးတွေက ပုတီးစပ်တဲ့သူကစိပ်၊ ခဏ လဲလျောင်း အနားယူသူကယူပေါ့။  လူငယ်တွေကတော့ ဘယ်တောင်မှာ ဘယ်သူငယ်ခြင်းလာတယ်ဆိုတာ ကြိုချိန်းထားတာဖြစ်လို့ အဲဒီတောင်တွေကိုလျှောက်လည်ပေါ့။ မြို့  ထဲက ကာလသားတွေကတော့  ဘယ်တောင်မှာ ဘယ်အပျိုချောတွေရှိတယ်ကွလို့  တယောက်နဲ့  တယောက် သတင်းပေးရင်း လည်ကြပတ်ကြနဲ့  တောင်ပေါ်မှာတော့စည်ကားနေတာပါဘဲ။ အဲ ညနေစေါင်းကြတော့မှ တချို့  ကလည်းအိမ်ကိုတန်းပြန်၊ တချို့  ကြတော့ သီဟိုဠ်ရှင် ဘုရားကိုဝင်ဖူးပြီးမှ အိမ်ပြန်ကြတာပါ။

ဒါကတော့ ဥပုသ်နေ့  တနေ့  တာ  လှုပ်ရှားခဲ့မှုလေးတွေကို အမှတ်တရပြန်ပြောဖြစ်တာပါ။ ဖွားဖွားကြီးဆိုတာဘယ်သူလဲလို့  မေးတဲ့ ကိုဖိုးပါနဲ့   အဲဒါရေးပါအုံးလို့  ပြောတဲ့ ကိုမောင်မောင်ရဲ့  တိုက်တွန်းချက်ကိုတော့  နောက်တပါတ်မှ  ဆက်ဖြစ်မယ် ထင်ပါတယ်။

ကဲ...ကဲ  မှတ်ချက်ကလေးတွေ ပေးကြပါအုံး။  ပို့  တွေမှာတင်မဲ့ ဓာတ်ပုံကိုလည်း ကင်မရာစစ်စစ်နဲ့  ရိုက်ကြပါ။  ဖုန်းနဲ့  ရိုက်တဲ့ ပုံတွေက ၀ါးပြီး ရီဆိုလူးရှင်းညံ့လို့  မကောင်းပါဘူးလို့  အကြံပေးပါရစေ။

အားလုံးအဆင်ပြေကြပါစေ။
သုစံ
စက်တင်ဘာလ၊ ၂၈ရက်၊ ၂၀၁၂ခု

3 comments:

  1. စာရေးသူသို့>>၄ကြောင်းမြောက်မှ မမှတ်မိတော့တဲ့ ချောင်းနာမည်ကတော့ ဆင်ပေါက်လှချောင်း ပါတဲ့ခင်ဗျာ...

    ReplyDelete
  2. ကိုကျော်စေပြောမှ ပြန်အမှတ်ရတယ်။ ဟုတ်ပါတယ်။ ဆင်ပေါက်လှချောင်းပါ။

    ReplyDelete
  3. ဦးရေ ခြေကျင်တလှည့် ကုန်းကြောင်းတလှည့်ဆိုတာ အတူတူပဲမဟုတ်ဘူးလား။ ခုဒီမှာ ညဘက်ရောက်နေပြီ။ စောစောလေးကပဲ စီးတီးဟောမှာ ဖေဖေမှာတဲ့ပစည်း သွားပို့ပြီး အပြန်ပဲပြုတ်ဝယ်ခဲ့တယ်။ ခုလေးတင် ပဲပြုတ်ကိုထမင်းနဲ့ဆီစမ်းဆားဖြူး စားအပြီးမှာ မေကြီးဒေါ်စောရွှေရဲ့ ပဲထမင်းနှမ်းဆီဆမ်းကို တွေ့တာပဲ။ ဘယ်လိုမှ ယှဉ်မရပေမယ့် အာသာပြေတော့ စားဖြစ်သွားပါတယ်။ တိုက်ဆိုင်တာကိုပြောချင်တာပါ။ ကိုးတန်းကျောင်းသားကြီးကလည်း ပဲအပြည့်ပဲ....ဟီးဟီး

    ReplyDelete