အမှတ်တရ ကလေးများ (၃)
တွင် ရှိနေပြီးလုပ်တတ်ကြတာ ကလေးတိုင်းရဲ့ သဘာဝပါ။ အကျိုးဆက် ကောင်းတာလည်းရှိသလို၊ မကောင်းတာလဲ ဖြစ်ပေါ်
လာနိုင်ပါတယ်။ဒီအကြောင်းမပြောခင် ပထမ အိမ်အကြောင်းပြောရအောင်လား။
မီးလောင်ပြီးတော့မှ ဒီတိုက်ကို စဆောက်တာပါ။၂ထပ်တိုက်ဖြစ်ပြီး အောက်ထပ် မြောက်ဘက်ခြမ်းမှာ အိပ်ခန်း ၃ခန်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအခန်း၃ ခန်းရဲ့ အနောက်မှာမှအပေါ်ထပ်ကို တက်ဘို့ လှေခါးဖွဲ့ ထားတာပါ။ လှေခါးက အတက်ဆိုရင် ဘယ်ဘက်က နံရံ ဖြစ်ပြီး၊ ညာဘက်က လက်ရမ်းတတ်ထားပါတယ်။လက်ရမ်းကိုခိုင်အောင်လို့ လက်ရမ်းအောက်မှာ ပျဉ်ချပ်တွေကို
အကွက်ဖေါ်ပြီး အပေါ်က လက်ရမ်းကို ထောက်ထားတာပါ။ ဒီပျဉ်ချပ်တွေမှာ စက်ဝိုင်းခြမ်းလေးတွေနဲ့ အကွက်ဖေါ်ထားတာဆိုတော့
ပျဉ်ချပ် ၂ချပ်ဆက်နေတဲ့ နေရာက စက်ဝိုင်းပေါက်လို အပေါက်ဝိုင်းလေးတွေဖြစ်နေတာပေါ့။ မြင်ပြီနော်။အင်း.... မမြင်ရင်လဲ သွားတာ
ကြည့်လိုက်ပါတော့။
ဒီအဖြစ်အပျက် ကတော့ တို့ မရှိပါဘူး။ ရန်ကုန်မှာ ရောက်နေတဲ့အချိန်ပေါ့။ဘဘဦးကျော်တင့် ပြောပြလို့
သိခဲ့ရတာပါ။ တခါသားတော့ ကိုကျော်စေကတဲ့။ အဲဒီ လက်ရမ်းက အပေါက်ဝိုင်းကနေ ခေါင်းသွင်းပြီအနောက်ဘက် အခန်းထဲကို ငုံ့ ကြည့်တယ်တဲ့။ကလေးဆိုတော့သူ့ ခေါင်းက အသာလေးဝင်သွားတာပေါ့။ အဲ ပြဿနာက ဘယ်အချိန်ကြတော့ ဖြစ်သလဲ ဆိုတော့ သူ့ ခေါင်းကို ပြန်ထုတ်တဲ့အချိန်မှာပေါ့။ ပြန်ထုတ်တော့ မရဘူး။ နားရွက်တွေနဲ့ တစ်နေရောတဲ့။ ဒီတော့ ငိုမှာပေါ့လေ။ ကလေးကိုး။ ဒီတော့ လူကြီးတွေ လဲ ၀ိုင်းပြီးကျိုးစားထုတ်ပေမဲ့ ဘယ်လိုမှမရဘူးတဲ့။ တွေးကြည့်ကြစမ်းပါ။ ရှေးဘုရင်တွေလက်ထက်က ထိပ်တုံးခတ်ထားတဲ့
ပုံစံမျိုးနေမှာပေါ့။
နောက်တော့ လက်သမားဆရာခေါ် ပြီိး ပျဉ်ချပ်တွေ လွှနဲ့ တိုက်ဖြတ် တော့မှခေါင်းထွက်လာနိုင်တော့
တယ်တဲ့။ ကိုကျော်စေ။ မှတ်မိသေးလား။ အဲဒီတုံးက ခံစားခဲ့ရတာလေးတွေ အမှတ်ရရင် မှတ်ချက်မှာရေးခဲ့ပါအုံး။ သိရတာပေါ့။
ကိုကျော်စေ ဒီအရွယ်လောက်ဘဲရှိအုံးမယ်ထင်ပါတယ်။ ကိုကျော်စေရဲ့ဖြည့်စွက် ရေးသားချက်ကလေးကတော့ လိုလိမ့်မယ်ထင်ပါတယ်။ ကြားရအောင်လား ကိုကျော်စေ။
ကိုအောင်ဘုန်း ကလည်းတမျိုး။ သူက ငယ်ငယ်ကတည်းက ဉာဏ်ကအားကြီးကောင်းတာ။
သူ ၄နှစ်သားလောက်ဘဲရှိအုးမယ်ထင်တယ်။ အဲဒီအချိန်တွေတုံးက အောက်စက်လို့ခေါ် တဲ့ တိတ်ခွေခေတ်ဘဲရှိသေးတာ။ သူတို့ ၅လမ်းမှာ နေတုံးကပေါ့။သူတို့အိမ်ရောက်လို့ ဇတ်လမ်းကြည့်ကခြင်ရင် " ကဲ ကိုအောင်ဘုန်း၊ ဘာဇတ်လမ်းကြည့်ရအောင်၊
ဖွင့်ပါအုံးကွ၊" ဆိုလိုက်ရင် သူကဖွင့်ပြတတ်တယ်။ ဒီတုံးက သူက စာလဲ မဖတ်တတ်သေးဘူး။တိတ်ခွေတွေကလည်း တီဗီကနေကူးထား
တာတွေဆိုတော့ အပေါ် မှာ ဓာတ်ပုံတွေဘာတွေ ပါတာမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုမှတ်ထားတယ်မသိဘူး။ ဖွင့်လိုက်ရင် ဟုတ်လို့။
ကဲ.....ကိုအောင်ဘုန်း၊ ဘ်ာလိုမှတ်ထားတာလဲ ဆိုတာ မှတ်မိရင်ပြောပါအုံး။
နောက်တခုပြောရအုံးမယ်။ တနေ့သားပေါ့။ သူတို့အိမ်ရောက်တော့ ဘာလဲမသိဘူး။ မိတ္တူ
ကူးစရာရှိလို့ မနှင်းကို ငါလမ်းထိပ်မိတ္တူ သွားကူးလိုက်အုံးမယ်ဆိုတော့၊ ကိုအောင်ဘုန်းက သူလဲလိုက်ခဲ့မယ်ဆိုပြီး လိုက်လာခဲ့တယ်။ မိတ္တူကူးပြီးပြန်ထွက်လာတော့ " ဒီဆိုင် ၀င်ကြည့်ရအောင်" ဆိုပြီးနောက်တဆိုင်ကို ၀င်ဘို့ခေါ်တယ်။ " အေး...ကြည့်လေ" ဆိုပြီး အဲဒီဆိုင်ထဲဝင်ကြတာပေါ့။ ဆိုင်ထဲရောက်တော့ အရုပ်တခုကို လက်ညိုး ထိုးပြပြီး အဲဒိအ၇ုပ် ၀ယ်ပေးဆိုပြီးပူစာတော့တာပါဘဲ။
ဈေးနှုန်းကိုကြည့်လိုက်တော့ ကျပ် ၁၀၀ကျော်တယ်။ လဘက်ရည်တခွက်မှ တမတ်၊ ပြား၃၀လောက်ပေးရတဲ့ခေတ်မှာ ၁၀၀ကျော် အရုပ်ဆိုတော့ ဘယ်ဝယ်နိုင်ပါ့မလဲ။
နေအုံးကွ ပိုက်ဆံမပါသေးဘူး။အိမ်ပြန်ယူရအောင် ဆိုလဲ " ဟင်"ဆိုပြီး ဆိုင်ရှေ့မှာ ငုတ်တုတ်
ထိုင်ချလိုက်တယ်။ ခုဝယ်ပေးဆိုပြီး မထတော့ဘူး။ ဘယ်လိုမှချော့လို့မရဘူး။ဒီအချိန်က ရန်ကုန်မှာ ခလေးတွေဖမ်းဖမ်းသွားတတ်လို့
ခလေးပျောက်တဲ့ သတင်းတွေကလဲ ပြန့် နေတဲ့အချိန်ဆိုတော့၊ လမ်းသွားလမ်းလာတွေက တို့ နှစ်ယောက်ကို စေါင်းစေါင်းကြည့်
သွားကြတယ်။
ငါ့လဲ အသေးလေးတို့များ ဈေးကပြန်လာတာ တွေ့ရမလား။တခြားအသိတွေ ရောတွေ့မ
လားနဲ့ ၊ စိတ်ထဲက တယောက်ယာက် လာပါစေလို့ ဆုတောင်းနေပေမဲ့ ဘယ်သူမှမလာဘူး။ နောက်တော့ သူပူစာလို့မရနိုင်တော့မှန်း သိသွားတယ်နဲ့တူတယ်။ အဲဒီကြမှ ပြန်မယ်ဆိုပြီး ထပြန်လာတော့တယ်။
ကိုအောင်ဘုန်း....မှတ်မိသေးလား။
ကိုအောင်ဘုန်း ဒီအရွယ်တောင်မရှိသေးဘူးထင်တယ်။
နောက်တယောက်က ဘုမ အကြောင်းပြောခြင်သေးတယ်။သူ့ ကို သူ့ အမေက ရန်ကုန်မှာ
လာမွေးတာ။ မွေးပြီးရက်ပိုင်းရှိသေးတယ် ပြန်သွားလို့ သူ့ ကိုငယ်ငယ်ကအမှတ်ရစရာမတွေ့ ရဘူး။ ဘယ်အချိန်မှပြန်တွေ့ရလဲ
ဆိုတော့ သူ့ အဖေ ကိုတင့်လွင် ဗိုက်ရောဂါဖြစ်ပြီး ရန်ကုန်ပြန်ပြတဲ့ အချိန်မှပြန်တွေ့ ရတာပါ။ သူ့သတင်းတွေတော့ကြားရပါတယ်
လေ။ သူ့အကိုက အရပ်ရှည်သလောက် သူကပုတုတုလေးဖြစ်နေလို့ သူ့ဦးလေး ကိုကျော်လွင်က ချစ်စနိုးနဲ့ ပုတုမ လို့နံမည်ပေးထား
တယ်တဲ့။
ကိုတင့်လွင် ဆရာဝန်လာပြတဲ့ အချိန်က ၅လမ်း မနှင်းတို့အိမ် ကန်ထရိုက်တိုက်ဆောက်နေတဲ့ အချိန်။ သမီးနွယ်မာကလည်း ၁၀တန်းရောက်နေတဲ့ အချိန်ပေါ့။ တို့  ကလည်း ၇လမ်းမှာ ရေမလုံလောက်တဲ့ ပြဿနာရှိတော့ မနှင်း တို့ ငှားနေတဲ့ ၁၀လမ်း အိမ်မှာ သွားရေချိုးရတယ်။ ၁၀လမ်း အိမ်က ဆောက်ပြီးစ အခန်းမဖွဲ့ ရသေးတာမို့ ၂၅ပေအဖွင့်၊ ရှေ့နောက်က ပေ၄၀ပေါ့။ ကိုတင့်လွင်တို့ မိသားစုရဲ့ ကုတင်က ဘယ်ဘက်နံရံ နားမှာ။မနွယ်မာ ကုတင်က ညာဘက်နံရံမှာကပ်ရက်။ မီးဖိုက နွယ်မာ့ ကုတင်ရဲ့
ခြေရင်းဘက်မှာ။
တနေ့သား တို့ရောက်နေတုံး မနွယ်မာက ကျူရှင်က ပြန်လာတယ်။မနှင်းက ညစာဟင်း
ချက်နေတယ်။ အ၀င်းက အ၀တ်လျှော်နေတဲ့ အချိန်ဆိုတော့ မီးဖိုနဲ့ မလှမ်းမကမ်း မှာရှိတဲ့ ထမင်းစားပွဲမှာထိုင်နေတာပေါ့။ နွယ်မာက ကျူရှင်က
ပြန်ရောက်တော့ လွယ်အိပ်ချပြီး ကုတင်ပေါ် တက်အိပ်နေတယ်။ ဒီတော့ မနှင်းက ဟင်းချက်နေရင်း သူ့သမီးကို စာမကြိုးစားဘူး၊ အိပ်ဘဲနေတယ်၊ ၁၀တန်းမအောင်ရင်တော့ ညီး ဘဘ ကို ပြောရမှာဘဲ၊ ဘာဘဲ၊ ညာဘဲနဲ့ မြည်တွန်တောက်တီးနေတာပေါ့။
ဒီအချိန်မှာ ဘယ်ဘက်နံရံနားမှာ သူ့ အမေရဲ့ ရင်ခွင်ထဲမှာထိုင်နေတဲ့ ပုတုမက ဗြုံးဆိုထပြေးလာပြီး မနွယ်မာရဲ့ ကုတင်ခြေရင်းကနေ မနွယ်မာကိုချောင်းကြည့်တယ်။ ပြီးတော့ မီးဖိုဘက်လှဲ့ ပြီး " နှင်းနှင်း၊ နှင်းနှင်း" နဲ့ ခေါ်လိုက်တယ်။
မနှင်း ကလည်း သမီးအပေါ် စိတ်တိုနေတဲ့ အချိန်၊ ဟင်းကလည်းချက်နေရတဲ့အချိန်ဆိုတော့ " ဘာတုံး"ဆိုပြီး အသံပြတ်နဲ့
ပြန်ထူးလိုက်တာပေါ့။ ဒီတော့ ပုတုမက နွယ်မာအောင်ကို လက်ညိုးထိုးပြီး " သူတကယ်အိပ်ခြင်လို့ နေမှာပါ" ဆိုပြီး ပြောလိုက်တယ်။ ဒီမှာတင် မနှင်း က ဒေါပွပြီး " အံမယ်၊ ညီးကလက်တောက်လောက်ရှိသေးတယ်၊ ငါ့ကိုဆရာလာလုပ်တယ်ပေါ့လေ" ဆိုပြီးခါးထေါက်
ရန်တွေ့တော့တာဘဲ။ ပုတုမလဲ ဗြုံးဆို သူ့ အမေရင်ခွင်ထဲ ပြန်ပြေးပြီး ပုနေတော့တာဘဲ။
သဘောကြလွန်းလို့ ဒီအဖြစ်အပျက်ကို ဘယ်တော့မှမမေ့နိုင်တော့ဘူး။ မှန်တယ်ထင်တာကို ပွင့်ပွင့်လင်းလင်းပြောရဲလို့ ဗိုလ်ချုပ်အောင်ဆန်းသွေးဘဲဟလို့ ဒီကတည်းကသူ့ အပေါ် ဂုဏ်ယူလေးစားတဲ့စိတ်နဲ့ ငါ့သမီးလေးလို့
ချစ်ခင်မိတော့တယ်။
ကဲ....ကဲ....စာလည်းရှည်သွားပြီ။ ကျောင်းစာတွေနဲ့ အလုပ်ရှုတ်နေမှာမို့ သမီးလေးရော ဒီစာတွေဖတ်မိပါ့မလား။ ဖတ်မိတဲ့ သူတွေကလည်း ရေးသူ အားရှိအောင် မှတ်ချက်ကလေးတွေနဲ့ အားပေးကြပါအုံးလေ။
အော် ဘွန္တော သီခြင်းလေးတွေ့လို့ လက်တို့ (၉) မှာ ထပ်တင်ပေးထားပါတယ်။
အားလုံး မင်္ဂလာပါ။
သုစံ
ဇူလိုင်လ၊ ၁၄ရက်၊ ၂၀၁၂ခု
မှတ်မိသေးတယ် အဲဒီတုန်းက ဘဘဦးကျော်တင့်က ဖြတ်မှရမယ်ဆိုတော့ ရန် ဥာဏ် နေ တို့ က ကျော်စေ ခေါင်းဖြတ်မယ်ထင်ပြီး ငိုကြသေးတယ်...
ReplyDeleteကဲ ကျွန်တော့အကြောင်း က စတယ်ဆိုတော့ ကျွန်တော်ဘဲ အရင်ဆုံး comment ပေးတော့မယ် ...ခဏလေး ခဏလေး ... ဒီစာလေးဖတ်ရင်းနဲ့ ငယ်ငယ်ကအဖြစ်ကို ပြန်ပြီး စဉ်းစားကြည့်ရသေးတယ် ခပ်ရေးရေးလေးတော့ ပေါ်လာပြီ ... အဲ့တုန်းက မေမေက အောက်ထပ်က အခန်းထဲမှာ ရှိသဗျ ... ကလေးတို့ဘာဝ .. စိတ်ကူးတော့ အမေကို လှမ်းပြီး အံ့အားသင့်သွားအောင် ပေါ့ဗျာ သားကို ဒီမှာကြည့် သားဒါမျိုးလုပ်နိုင်တယ် ပေါ့ ဗျာ ..အဲ့သဘောနဲ့ ခေါင်းထိုးထည့်လိုက်တာဘဲ ၀င်သွားတုန်းကတော့ အဟုတ်ဘဲ .. ထုတ်တော့မှ ထုတ်မရတော့ဘူး ထုတ်မရလို့ အော်ငိုတော့မှ လူကြီးတွေရောက်လာတယ် တော်တော်များများတော့ပါတယ် ... နောက် လွှကြီးယူလာပြီး ခေါင်းကြီးဖြတ်ပြစ်ရမယ် ဆိုပြီး စတော့ မှ ပိုပြီး ငိုလိုက်ရတာ ဟီး . . .ဘဘတို့ ကိုလေးတို့တော့ပါတယ် အောက်ကနေစနေကြတာလေ အဲဒါတော့မှတ်မိတယ်
ReplyDelete:) ကျနော်ငယ်ငယ် ပွေလီရှာလီ ဖြစ်တဲ့ အဖြစ်လေးတွေက ကျန်သေးတယ်ဗျ လှေခါးထဲ ခေါင်းညှပ်တာတင်ဘယ်ကဦးမလဲ ရေသောက်ပြီး ရေခွက်ကြေးဖလားလေးထဲ လက်ဖ၀ါးလိုက် ခွက်ဝင်သွားလို့ နှုတ်မရတာ တို့ :) (ငယ်ငယ်က အရိုးပျော့လို့ဖြစ်လိမ့်မယ်) နောက် ဟိုတုန်းက အအေးဆိုင်ထဲမှာထားတဲ့ ကားကက်ဆက်ထဲကို လက်ညိုးနဲ့ထိုးမိလို့ ပြန်ထုတ်မရတာနဲ့... :( နောက်တစ်ခုကတော့ ပိုဆိုးတယ်ဗျ ဆရာဝန်ကိုတောင် စိတ်တိုသွားတာလေ ... အဲဒါကတော့ နှာခေါင်းပေါက်ထဲ ဇီးစေ့(ဆီးစေ့)၀င်တာလေ ..
အဲဒါက တော့ တစ်ညနေ ဖိုးသူလေးနဲ့ နှစ်ယောက် ဆိုင်နောက်ဖေးက အိမ်သစ်ရဲ့ အုတ်ခုံလေး(အခုတော့ မြေကြီးနဲ့ တစ်ညီထဲဖြစ်နေပြီ)ပေါ်မှာာ ထိုင်နေကြတုန်း ထားထားက ဇီးတော်ဖီး လာကျွေးတယ် ကျနော်ထင်ပါတယ် အဲတုန်းက ဇီးတော်ဖီး မဟုတ်ဘဲ မန်ကျည်းတော်ဖီး ဖြစ်မယ်ထင်ပါတယ်.. အဲ့အရင်က စားဖူးတဲ့ တော်ဖီးတွေက အစေ့မပါဘူးဗျ အဲ့နေ့ကမှ အစေ့ပါတယ် တော်ဖီးစားဖူးတာ .. အဲ့တုန်းက ဘာစိတ်ကူးပေါက်သွားတယ်မသိဘူး မှတ်တော့မမှတ်မိတော့ဘူး ပါးစပ်ထဲမထည့်ဘဲ နှာခေါင်းထဲသွားထည့်မိတာလေ .. :D အဲ့ဒါနဲ့ ဖေဖေကို လှမ်းပြောပြီး ဆရာဝန် ဒေါက်တာမောင်တင်(အဲ့အချိန်က ခွဲစိတ်ပါရဂူပေါ့)ဆီကို သွားကြတယ် အရှေ့ဖက်ဆေးရုံမှာ ကျနော့ကို ပထမ ထုံဆေးထိုးသေးတယ် ပြီးတော့ နှာခေါင်းထဲကို နားဖာကလော် လိုဟာမျိုးကြီးနဲ့ ထိုးကလော်တယ် ပထမ အစေ့ကပါလာပြီးတော့ နှာခေါင်းထဲ တစ်ဝက်လောက်မှ ပြန်ပြုတ်ကျသွားလို့ ဆရာဝန်ကြီး “တောက်”တစ်ချက်ခေါက်လိုက်သေးတယ် ပြီးမှ ရသွားတယ် .. အတော်ပွေလီရှာလီဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေပါ ...
အင်း.... အဲဒီတုံးကတော့ ငိုစရာပေါ့။ ခုပြန်တွေး၊ ပြန်ရေးရတော့ ရီစရာပေါ့။ ဖတ်တဲ့သူတိုင်း အနည်းဆုံး နှုတ်ခမ်းလေးတွန့် မိ၊ ပြုံးမိ
ReplyDeleteကြပါလိမ့်မယ်။ ဒါကြောင့် ကွန်မင့်တွေနဲ့ ၀ိုင်းရေးကြပါလို့ ပြောရတာပေါ့။
မင်းကွန်မင့် ဖတ်တော့မှ အမှတ်ရတာလေးတခုပြောရအုံးမယ်။ ကက်ဆက်တွေပေါ်ကာစက စပီကာ၂လုံးပါတဲ့ ကက်ဆက်တလုံး ငါတို့ ၀ယ်ဖြစ်သေးတယ်။သီချင်းနာထေါင်ဘို့ ပေါ့။ ဒီကက်ဆက်တွေမင်းတို့မှတ်မိကြမယ်ထင်ပါတယ်။ စပီကာရဲ့ ရှေ့ မှာ အပေါက်ကလေးတွေပါတယ်။
လူကြီးလက်ကတော့ အဲဒီအပေါက်ထဲမ၀င်နိုင်ပါဘူး။ ၀ယ်ပြီးနောက်နေ့ ဘဲထင်တယ်။ ဒီတုံးက ကလေးလေးအရွယ်ဘဲရှိတဲ့ မနွယ်မာက သူ့ လက်ညိုးနဲ့အဲဒီအပေါက်ထဲ ထိုးလိုက်လို့ စပီကာက အသံထုတ်ပေးတဲ့ cone ပိန်သွားတယ်။ ဘာမှပြန်လုပ်လို့ မရဘူး။ အသံပုံပျက်မသွားလို့
တော်သေးတယ်။အဲဒီကက်ဆက်ဇီဝိန်ချုပ်တဲ့ အထိ ဒီအတိုင်းဘဲပေါ့။ ကလေးသဘာဝ စူးစမ်းခြင်တဲ့ စိတ်နဲ့ လုပ်တာနေမှာပေါ့။
မင်းက အစား စားတာတောင် ပါးစပ်နဲ့ နှာခေါင်းပေါက်နဲ့ လွဲ ရသေးသကိုး။ အလွဲ လေးတွေပေါ့။
ကဲ...ဖတ်တဲ့သူများ ၀ိုင်းင်္ပြီးပြုံး ကြပါအုံး။
This comment has been removed by the author.
ReplyDeleteအမေကြီးက comment ပေးပါတယ် ... အမှတ်တရဖြစ်တာတွေ ရေးလို့ သဘောကျတယ် တဲ့ ဒီနေ့ သူ့ကို ဖတ်ပြလိုက်လို့
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျနော့်မှာဗျာ... ဖုန်းနဲ့မြန်မာလိုရပြီဆိုပြီး အားရ၀မ်းသာရိုက်လိုက်ပါတယ် ကွန်ပျူတာထဲမှာကျတော့ဘာတွေပေါ်နေမှန်းမသိဘူးး :P
ReplyDeleteပြန်ရိုက်ပါမယ်...
ReplyDeleteနောက်တစ်ယောက်ရှိပါသေးတယ်...အိမ်အရှေ့ဘက်.ပန်းခြံထဲမှာ ရေအိုးစင် လိုလို သင်ကလေးထဲမှာ ညပ်နေတဲ့တစ်ယောက် ရှိပါသေးတယ်.. ဘဘဦးကျော်တင့်လမ်းလျှောက်မှ တအိအိနဲ့ ငိုနေတာကြားပြီး ညပ်နေတာသိသွားပါတယ်... အဲဒါ ဘယ်သူ ပါလဲ... :p
interesting!!!! Who is it??? :D
Deleteဘယ်သူလဲဟင်..အဲဒီအကြောင်းကိုတခါမှမကြားဖူးဘူး။ သိရင်ပြောပြပါအုန်း။ အမှတ်တရတွေကတော့အများကြီးရှိတာပေါ့။ အမှတ်မိဆုံးတခုကကျောင်းပိတ်ရက်ပြန်ရင်ဘဘဦးကျော်တင့်ကတိုက်ကြားထဲမှာဖျာခင်းပြီးတော့တရုတ်နှစ်ကူးတုန်းကမုန့်အချိုတွေအနီရောင်ဗူးနဲ့အကန့်လေးတွေပါတဲ့မုန့်ဗူးပေါ့..အဲဒါကိုယူပြီးသမီးတို့မောင်နှမတစုနဲ့အေးအေးလူလူထိုင်ပြီးမုန့်တွေစားကြတာ။ အရမ်းသတိရတယ်။ နောက်တခုကညဆိုရင်အိမ်ရှေ့ကကွက်ပျစ်ပေါ်မှာလူကြီးတွေကထိုင်တဲ့သူထိုင်၊တုံးလုံးပက်လက်လှဲသူကလှဲနဲ့အဲဒီအချိန်မှာမင်းသမီးလိုကပြခဲ့တာတွေ..နောက်ပက်လက်လှန်အိပ်ပြီးကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကိုကြည့်ပြီးဂြိုလ်တုတွေရှာရတာတွေ...အရမ်းလွမ်းမိပါတယ်။
ReplyDeleteအေး...ဟုတ်တယ် ။ သမီးနွယ်မာ ပြောသလိုဘဲ။ မကြားဘူးပါဘူး။
ReplyDeleteမာကြီး ကလေ...လာတို့ ပြီးတော့ ပြောလဲမပြောဘူး။
ကဲ... အားလုံးကတောင်းဆိုနေပြီ။ ပြောပေတော့။
သုစံ
အမှန်တိုင်းပြေားရရင် သမီးမမှတ်မိတော့ဘူး။ ငယ်သေးလို့နေမှာပါ။ ဘဘဦးကျော်တင့် ရှိတုန်းက ကလေးတွေအများကြီးနဲ.ပျော်စရာကောင်းလောက်တယ်နော်။ဖတ်ရတာပြုံးဖို.ကောင်းပါတယ်။တဟားဟားအော်ရယ်ရတာ မဟုတ်ဘဲပြန်တွေးပြီးပြုံးရတာမို.လို.ပျော်ဖို.ကောင်းတယ်လို.မရေးဘဲပြုံးဖို.ကောင်းတယ်လို.ရေးလိုက်တာပါ။ဆက်လက်အားပေးပါဦးမည်။
ReplyDelete