လက်တို့ပြီးတော့ ပြောလိုက်အုံးမယ်(၅)
ဒီနေ့ မေလ ၂၈ရက် ၂၀၁၂ခု နေ့မှာ အမေရိက ကို ခေတ္တရောက်နေတဲ့ ဖားအောက်ဆရာတော်ကြီးကို ဆွမ်းကပ် ဘို့ စီစဉ်ထားတဲ့အတိုင်းကပ် ဖြစ်ကြပါတယ်။ ဒီ့ မတိုင်ခင်တပါတ်လောက်ကတည်းက ဘာဟင်းတွေကပ်မယ်၊ ဘာတွေချက်မယ်နဲ့ စီစဉ်နေရတာ
မို့ အဲဒီရက် ကတည်းက ပုဗ္ဗကုသိုလ်တွေ ရနေတဲ့သဘောပေါ့လေ။ ဆရာတော်ကြီးက သက်သတ်လွတ်ဘုန်းပေးပြီး သူနဲ့ပါလာတဲ့ သီလရှင်
ကလည်းသက်သတ်လွတ်ဘဲဘုန်းပေးတယ်လို့သိထားပါတယ်။နံမည်ကြီးဆရာတော် တပါးဖြစ်လို့ဆွမ်းကပ်ရာမှာ ကိုယ်တယောက်
တည်းမဟုတ် တခြးလူတွေနဲ့လဲ ဆုံမှာဖြစ်တဲ့အပြင် ကိုယ့်မိတ်ဆွေတွေပါ လာမှာမို့ သက်သတ်လွတ်ဒန်ပေါက်တပွဲ မှာထားခဲ့ပါတယ်။
အသားစားတဲ့သူတွေအတွက်လည်းအဆင်ပြေအောင် ကြက်သားဟင်းတပွဲလည်းချက်ယူခဲ့ပါတယ်။
အထက်ကပုံကတော့ အချိုပွဲ အတွက် သီးနှံတွေကို လှီးဖြတ်နေတာပါ။
ဒါက ဆရာတော် ဆွမ်းဟင်းအတွက် ချက်ထားတာတွေပေါ့။
ချဉ်ပေါင်ဟင်းကတော့ မရိုက်လိုက်ရဘူး။ ဒါတွေက မတိုင်မှီနေ့ကတည်းကလုပ်နေတာပါ။
၂၈ရက်နေ့မနက် ၈နာရီ၃၀မီးနစ်မှာ အိမ်ကထွက်ဖြစ်ပါတယ်။
လမ်းမှရိုက်ထားတဲ့ပုံလေ။ မြင်နေရတဲ့ တောင်တန်းကြီးတွေပေါ်မှာရှိတဲ့ သစ်တောထဲက အိမ်တလုံးကို ခဏ ငှားပြီး
ဆရာတော်ကြီး သတင်းသုံးတာပါ။
သီတင်းသုံးတဲ့ကျောင်းက သီးခြားရပ်ကွက်လေးဖြစ်လို့ တော်တော်ရှာယူရပါတယ်။ဒါကျောင်းရဲ့ပုံပါ။
ဆွမ်းမစားခင် ဆရာတော့ကြီးကို ဖူးတွေ့ပြီးတော့ ခွင့်ပြုချက်တောင်းပြီး ရိုက်ခဲ့တဲ့ပုံပါ။
နေ့လည် ၁၁ နာရီထိုးတော့ ဆရာတော်ကြီးဆွမ်းဘုန်းပေးတော့မှာဖြစ်ပါတယ်။ ပါလာတဲ့ ဟင်းခွက်တွေကို တပုဂံစီ ယူပြီး တပုဂံခြင်းကပ်ရပါတယ်။ ဆွမ်းအကပ်ခံပြီးတဲ့နောက်ဆရာတော်ကြီးကဆွမ်းများ၊ ဆွမ်းဟင်းများကို သူ့ သပိတ်ထဲ ထဲ့ပြီးမှ
ဘုန်းပေးတာပါ။
ဆွမ်းဘုန်းပေးပြီးတော့ ဆရာတော်ကြီးက ကျောင်းအပေါ်ထပ်တက်ပြီး သွားတိုက် ပါးစပ်ဆေး သန့်ရှင်းရေးပြုလုပ်ပါတယ်။ ဒီအချိန်မှာ အောက်ထပ်မှာ လာတဲ့သူတွေက နေ့လည်စာစားကြတာပေါ့။ စားသောက်ပြီးတဲ့အခါမှာ လာတဲ့သူတွေထဲက တရားနဲ့
ပါတ်သက်ပြီးမေးစရာရှိလျှင် ဖြေရအောင် အောက်ထပ်ပြန်ဆင်းလာပြီး တရားနဲ့ပါတ်သက်လို့ရှင်းလင်းပေးပါတယ်။
ဒီပုံက ဆရာတော်ကြီး ရှင်းလင်းပြောပြနေတုံး ရိုက်ထားတဲ့ပုံပါ။ ၀မ်းသာကြည်နူးရလို့ မုဉ္စစေတနာလို့
ပြောရမှာပေါ့နော်။
မေးမြန်းစရာမရှိတော့ဘူးဆိုရင် ဆရာတော်ကြီးက အပေါ်ထပ်ပြန်ကြွသွားပါတယ်။
ဆရာတော်ကြီးကပြုံးပြုံး၊ ပြုံးပြုံး နဲ့ စကားပြောတတ်ပါတယ်။ ပြန်တွေးရင်း ဆွမ်းကပ်ခဲ့ရတဲ့ ကောင်းမှုကို ၀မ်းသာရလို့
ပရစေတနာ လို့ဆိုရမပေါ့နော်။
ခုလို ကောင်းမှုတွေကို ဝေမျှခံစားရအောင်လို့ ဒီ post လေးကို အမြန်တင်ပေးလိုက်တာပါ။ကဲ ပြုခဲ့သမျှ
အမျှဝေလိုက်ပါတယ်။ သာဓုခေါ်တော်မူကြပါကုန်။
သုစံ
မေလ၊ ၂၈ရက်နေ့၊ ၂၀၁၂ခု